အခြား • 1 min read
သတင်း

ငလျင်ပညာရှင် ဒေါ်လှလှအောင် အာဆီယံဆု ချီးမြှင့်ခံရ

Zin Thaw

Nov 16, 2026

ငလျင်ပညာရှင် ဒေါ်လှလှအောင် အာဆီယံဆု ချီးမြှင့်ခံရ
0 Shares
4 Views

 

မြန်မာနိုင်ငံရဲ့ ဘူမိဗေဒနှင့်ငလျင်ပညာရှင် ဒေါ်လှလှအောင်ကို အာဆီယံရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတစ်ဆု ဖြစ်တဲ့ ၂၀၂၆ ခုနှစ်အတွက် ASEAN Prize (အာဆီယံဆု)ကို ချီးမြှင့်ခဲ့တယ်လို့ အာဆီယံက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်မှာ ကျင်းပတဲ့ (၄၉)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးတွေရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ အာဆီယံ အတွင်းရေး မှူးချုပ် ဒေါက်တာ ကာအိုကင်မ်ဟွန်းက ဒေါ်လှလှအောင်ကို အာဆီယံဆု ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ဒေါ်လှလှအောင်ဟာ မြန်မာနိုင်ငံရဲ့ ဘူမိဗေဒနှင့်ငလျင်ပညာရှင်တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံ ငလျင်ကော်မတီရဲ့ နာယကလည်း ဖြစ်ပါတယ်။

လုံခြုံစိတ်ချရပြီး ပိုမိုကြံ့ခိုင်တဲ့ ပြည်သူလူထုကို အဓိကထားတဲ့ အာဆီယံအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင် ရေးအတွက် ငလျင်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ ပြည်သူလူထု အသိ ပညာပေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီမှုတွေနဲ့ ရေရှည်လုပ်ဆောင်ခဲ့မှုအပေါ် ဒေါ်လှလှအောင်ကို အသိအမှတ်ပြု ဂုဏ်ပြုတာ ဖြစ်တယ်လို့ အာဆီယံက ထုတ်ပြန်ထားပါတယ်။အာဆီယံဆုကို ၂၀၁၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက စီမံခန့်ခွဲကာ အခုနှစ် မှာ ဖိလစ်ပိုင်နိုင်ငံ အယာလာဖောင်ဒေးရှင်းက ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လှလှအောင်ဟာ အာဆီယံဆု ရရှိတဲ့ ကိုးယောက်မြောက်ပုဂ္ဂိုလ်ဖြစ်ပြီး ဆုရရှိသူဟာ ဆုတံဆိပ်အပြင် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ