ဈေးကွက် • 1 min read
သတင်း

ထိုင်းနိုင်ငံ Ladprao ဆေးရုံ၌ အဆင့်မြင့်နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေ

Sayar Soe Aung

Nov 14, 2026

ထိုင်းနိုင်ငံ Ladprao ဆေးရုံ၌ အဆင့်မြင့်နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေ
0 Shares
9 Views

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Ladprao General ဆေးရုံကြီးမှာ ခေတ်မီအဆင့်မြင့်နည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ ခွဲစိတ်ကုသမှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

 

အဲဒီဆေးရုံကြီးကို သွားရောက်ကုသလိုသူတွေအတွက် ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတဲ့အကြောင်း မိတ်ဆက်ရှင်းလင်းပွဲကိုလည်း ရန်ကုန်မြို့ရှိ Pan Pacific Yangon Hotal မှာ နိုဝင်ဘာလ ၁၂ ရက်၊ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Ladprao General ဆေးရုံအကြောင်းကို မိတ်ဆက်ရှင်းလင်းပြီး အဲဒီဆေးရုံ မျက်စိအထူးကုဆရာဝန်ကြီးက နောက်ဆုံးပေါ်အဆင့်မြင့် ခွဲစိတ်ကုသမှု အတွေ့အကြုံတွေကို ရှင်းလင်းပြော ကြားခဲ့ပါတယ်။

 

ဆေးရုံအကြောင်း မိတ်ဆက်ပေးချင်သလို ဆေးရုံမှာ ကုသပေးနေတာတွေထဲက အရိုးနဲ့မျက်စိ ခွဲစိတ်ကုသပေးနေ တာနဲ့ လာရောက်ကုသမယ့် လူနာတွေကို စိတ်ကျေနပ်မှုရှိအောင် ဝန်ဆောင်မှုတွေပေးနေတဲ့ အကြောင်းကို အသိပေးချင်တာကြောင့် အခုလို အခမ်းအနား ပြုလုပ်ရတာဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါ တယ်။

အဲဒီဆေးရုံဝန်ဆောင်မှု မိတ်ဆက်ပွဲအခမ်းအနားမှာ အရိုးအကြောအထူးကုဆရာဝန်ကြီးကလည်း ခွဲစိတ်ကုသမှု အတွေ့အကြုံတွေကို ရှင်းလင်းမျှဝေခဲ့ပြီး ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ Ladprao General Hospital ရဲ့ကိုယ်စားလှယ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထိုင်းနိုင်ငံရှိ Ladprao General Hospital ဟာ ခုတင်၂၀၀ ဆံ့ ဆေးရုံဖြစ်ပြီး ကျန်းမာရေးအတွက်ဆေးစစ်တာ၊ လေဆာနဲ့ မျက်စိပါဝါပြုပြင်တာ၊ အရိုး၊ အဆစ်၊ ဒူးနဲ့တင်ပါး၊ နှလုံးနဲ့သွေးကြော၊ ကင်ဆာရောဂါ၊ ဦးနှောက်နဲ့ အာရုံ ကြော၊ အစာအိမ်၊ အူနဲ့အသည်း၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အစရှိတဲ့ ရောဂါတွေအပါအဝင် ကျန်းမာရေး ဆိုင်ရာ ခွဲစိတ်ကုသမှုတွေ ဝန်ဆောင်မှုပေးနေသလို အမျိုးသမီးနဲ့ကလေးအထူးကုတွေလည်း ရှိတယ်လို့ သိရပါ တယ်။

 

လေဆာနဲ့မျက်စိပါဝါပြုပြင်ပေးတာနဲ့ အရိုးအဆစ်နဲ့ပတ်သက်တဲ့ ရောဂါအကြောင်းတွေကို တာဝန်ရှိဆရာဝန်တွေ က အခုလို ပြောပါတယ်။

Ladprao General ဆေးရုံမှာ တက်ရောက်ကုသလိုတဲ့ လူနာတွေကို မြန်မာနိုင်ငံရှိ Your Health Navigator YHN က ဝန်ဆောင်မှုပေးနေပြီး ဆေးမှတ်တမ်းစီစဉ်ပေးတာ၊ အထူးကုဆရာဝန်တွေနဲ့ ရက်ချိန်းစီစဉ်ပေးတာ၊ ကုသမှုနဲ့ ကုန်ကျစရိတ်တွေကို စုံစမ်းပေးတာ၊ ခရီးစဉ်နဲ့ တည်းခိုနေထိုင်ရေးကိစ္စတွေ စီစဉ်ပေးတာတွေကို ပြုလုပ်ပေးနေ တယ်လို့လည်း သိရပါတယ်။

 

အဲဒီ ဝန်ဆောင်မှုလုပ်ငန်းမိတ်ဆက်ပွဲမှာ YHN ကတာဝန်ရှိသူတွေနဲ့ Ladprao General Hospital က တာဝန်ရှိသူ တွေက အမှတ်တရလက်ဆောင်တွေ အပြန်အလှန် လဲလှယ်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့ ကြတယ်လို့ သိရပါတယ်။

Tags:

Tags are not assign yet!

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဈေးကွက်
သတင်း

ဥရောပအာရှသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များတိုးမြှင့်ရန် ဆွေးနွေး

Zin Thaw

Nov 16, 2026 1

ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာ့ပို့ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံဟာ ဥရောပ အာရှစီးပွားရေးကော်မရှင်၊ ဘုတ်အဖွဲ့ဝင်၊ မေခရို(အကြီးစား)စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနဲ့အဖွဲ့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။