သီးနှံ • 1 min read
သတင်း

အရန်ဆန်တိုးမြှင့်စုဆောင်းနိုင်ရေးဆောင်ရွက်ရန်ဒုသမ္မတတိုက်တွန်း

Developer

Nov 15, 2026

အရန်ဆန်တိုးမြှင့်စုဆောင်းနိုင်ရေးဆောင်ရွက်ရန်ဒုသမ္မတတိုက်တွန်း
0 Shares
9 Views

အရန်ဆန်တိုးမြှင့်စုဆောင်းနိုင်ရေးအတွက် သက်ဆိုင်တဲ့ ဌာန၊ အဖွဲအစည်းအားလုံး လိုအပ်သလို ညှိနှိင်းပူးပေါင်းဆောင်ရွက်သွားကြဖို ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားပါတယ်။

နိုဝင်ဘာလ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ပြည်ပပိုကုန် တိုးမြှင့်ရေးနှင့် အရန်ဆန် စုဆောင်းရေး ညှိနှိင်းအစည်းအဝေးကို တက်ရောက်အမှာစ ကားပြော ကြားရာမှာ ဒုတိယသမ္မတ ဦးညိုစောက အခုလို ပြောကြားခဲ့တာပါ။

အစည်းအဝေးမှာ ဒုတိယသမ္မတ ဦးညိုစောက သိုလှောင်ရုံတွေကို မြန်မာဆန်စပါးအွန်လိုင်းမှာ လွယ်ကူ လျင်မြန် စွာ စနစ်တကျ စိစစ်မှတ်ပုံတင်ထားရှိနိုင်ရေး၊ အတည်ပြုထားတဲ့ သိုလှောင်ရုံ လိုင်စင်အတွက် ဒီဂျစ်တယ် လက်မှတ်ထုတ်ပေးနိုင်ရေးနဲ့ “ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေး နှင့်သဘာဝဘေး အန္တ ရာယ် ကျရောက်သည့် ဒေသများတွင် ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး သင့်တော် သည့် ပမာဏတစ်ရပ်ကို အရန်ဆန်အဖြစ် နှစ်စဉ် စုဆောင်းထားနိုင် ရေး” အချက်တိုကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းလင်း ပြောကြား ပါတယ်။

အဲဒီအပြင် ပြည်တွင်းမှာ ဆန်စပါးဖူလုံရေး၊ ပြည်ပဈေးကွက်ရရှိရေးနဲ့ စနစ်တကျ တင်ပိုရောင်းချနိုင် ရေး၊ ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနဲ့ ဆန်စပါးသိုလှောင်မှု အခြေအနေတွေကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်ထားရှိမှု အခြေအနေတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ဒေသတွေရှိ ပြည်သူတွေကို အဓိက စားရေရိက္ခာဆန်ကို ဖြန့်ဖြူးထောက်ပံ့သွားဖို စုဆောင်းထားရှိမှု အခြေအနေ တွေ၊ အယ်လ်နီညို သဘာဝဘေး ကျရောက်ရင် ရာသီဥတုဖောက်ပြန်နိုင်တဲ့အတွက် အရန်ဆန်တိုးမြှင့် စုဆောင်းခြင်း ဆောင်ရွက်နေမှု အခြေအနေ တွေကိုလည်း ဒုတိယသမ္မတ ဦးညိုစောက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ဆန်စပါးဈေးကွက် အခြေအနေ၊ အရန်ဆန် ထားရှိမှု အခြေအနေနဲ့ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပိုမှု အခြေအနေတွေကို ရှင်းလင်းတင်ပြပြီး တက် ရောက်လာတဲ့ အသင်းချုပ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ပိုကုန်လုပ်ငန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီ တာဝန်ရှိ သူတွေက အရန်ဆန် သိုလှောင်ထားရှိမှု၊ သဘာဝဘေးဒဏ်သင့်ဒေသတွေကို ဆန်ထောက်ပံ့မှု၊ ပိုကုန် တင်ပိုမှုနဲ့ ပြည်ပပိုကုန် တိုးမြှင့်ရေး ဆောင်ရွက်နေမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ