ဈေးကွက် • 1 min read
သတင်း

ဥရောပအာရှသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များတိုးမြှင့်ရန် ဆွေးနွေး

Zin Thaw

Nov 16, 2026

ဥရောပအာရှသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များတိုးမြှင့်ရန် ဆွေးနွေး
0 Shares
1 Views

 

ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာ့ပို့ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံဟာ ဥရောပ အာရှစီးပွားရေးကော်မရှင်၊ ဘုတ်အဖွဲ့ဝင်၊ မေခရို(အကြီးစား)စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနဲ့အဖွဲ့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဘယ်လာရုစ်၊ ကာဂျစ်စတန်၊ ကာဇက်စတန်နဲ့ အာမေးနီးယားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ပေါ်ဆန်းဆန်၊ ပဲ၊ နှမ်း အပါအဝင် လယ်ယာထွက် ကုန်ပစ္စည်းတွေ၊ CMP ပစ္စည်းတွေနဲ့ ရေထွက်ကုန်ပစ္စည်းတွေ တိုးမြှင့်တင်ပို့နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအပြင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဆောင်ရွက်နိုင်ရေး၊ အခွန်ကောက်ခံမှု ဆိုင်ရာကိစ္စရပ်တွေမှာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဥရောပအာရှစီးပွားရေးကော်မရှင်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ အာဆီယံ ဒီဂျစ်တယ် စီးပွားရေးမူဘောင် သဘောတူညီချက်မှာ ပါဝင် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဈေးကွက်
ရုပ်သံ

ထိုင်းနိုင်ငံ Ladprao ဆေးရုံ၌ အဆင့်မြင့်နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေ

Sayar Soe Aung

Nov 14, 2026 7

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Ladprao General ဆေးရုံကြီးမှာ ခေတ်မီအဆင့်မြင့်နည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ ခွဲစိတ်ကုသမှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။