ကား • 1 min read
သတင်း

စည်းကမ်းမဲ့မောင်းသည့် ဆောက်လုပ်ရေးပစ္စည်းသယ်ကား ၈၅ စီးအား အရေးယူ

Zin Thaw

Nov 16, 2026

စည်းကမ်းမဲ့မောင်းသည့် ဆောက်လုပ်ရေးပစ္စည်းသယ်ကား ၈၅ စီးအား အရေးယူ
0 Shares
5 Views

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း အုတ်၊ သဲ၊ ကျောက်၊ မြေတွေ တင်ဆောင်ပြီး အမိုးအကာမပါဘဲ စည်းကမ်း ပျက်မောင်းနှင်တဲ့ မော်တော်ယာဉ် ၈၅ စီးကို ဖမ်းဆီးရမိကာ နေပြည်တော်စည်ပင်သာယာရေးဥပဒေနဲ့ တရားစွဲ တင် အရေးယူခဲ့တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနရှိ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့က ဒုတိယရဲမှူး ကျော်ဆန်းနိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ နေပြည်တော်အတွင်း အုတ်၊ သဲ၊ ကျောက်၊ မြေတွေ တင်ဆောင်ပြီး အမိုးအကာမပါဘဲ စည်းကမ်းမဲ့ သွားလာမှု မရှိစေရေး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း တွေကို နေ့စဉ် မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်နေရာမှာ အခုနှစ် ဧပြီလက ယာဉ် ၄ စီး၊ မေလက ယာဉ် ၂၄ စီး၊ ဇွန်လက ယာဉ် ၇ စီး၊ ဇူလိုင်လ က ယာဉ် ၈ စီး၊ ဩဂုတ်လက ယာဉ် ၅ စီး၊ စက်တင်ဘာလက ယာဉ် ၇ စီး၊ အောက်တိုဘာလက ယာဉ် ၂၆ စီးနဲ့ အခု နိုဝင်ဘာလ ၁ ရက်ကနေ လက်ရှိအချိန်အထိ ယာဉ် ၄ စီး စုစုပေါင်း ယာဉ် ၈၅ စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။အဲဒီ စည်းကမ်းပျက်ယာဉ်မောင်းနှင်သူတွေကို နေပြည်တော်စည်ပင်တရားရုံးမှာ နေပြည်တော်စည်ပင်သာယာ ရေး ဥပဒေပုဒ်မ ၂၆ အရ တရားစွဲတင် အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၆ မှာ မည်သူမဆို ကော်မတီက ထုတ်ပြန်တဲ့ စည်းကမ်း၊ အမိန့်တွေ ကို ဖောက်ဖျက်ကျူးလွန်တာ ဒါမှမဟုတ် လိုက်နာဖို့ ပျက်ကွက်ရင် အဲဒီလူကို ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်၊ ကျပ် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ