ဆရာဝန် • 1 min read
သတင်း

ရန်ကုန်ဆေးတက္ကသိုလ်(၁) ရာပြည့်သဘင်အခမ်းအနား ကျင်းပမည်

Zin Thaw

Nov 16, 2026

ရန်ကုန်ဆေးတက္ကသိုလ်(၁) ရာပြည့်သဘင်အခမ်းအနား ကျင်းပမည်
0 Shares
1 Views

 

ရန်ကုန်မြို့ဆေးတက္ကသိုလ်(၁)ရဲ့ နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပသွား မယ်လို့ ရာပြည့်သဘင်အခမ်းအနားကျင်းပရေးဆပ်ကော်မတီကနေ သိရပါတယ်။ရန်ကုန်ဆေးတက္ကသိုလ်(၁)ရဲ့ သက်တမ်းဟာ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နှစ် ၁၀၀ ပြည့်မှာဖြစ်ပြီး ရာပြည့် သဘင် အခမ်းအနားကျင်းပနိုင်ဖို့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၅ ရက်က ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁)မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း၊ ရာပြည့်သဘင်အခမ်း အနားကျင်းပရေးဆပ်ကော်မတီတွေ၊ ကျောင်းသား၊ ကျောင်းသူဟောင်းကိုယ်စားလှယ်တွေနဲ့ ပြုလုပ်ခဲ့တာပါ။
တွေ့ဆုံပွဲမှာ သက်ဆိုင်ရာကဏ္ဍတွေအလိုက် လုပ်ငန်းဆောင်ရွက်နေတာတွေနဲ့ ဆက်လက်လုပ်ဆောင်မယ့် အစီ အစဉ်တွေကို ရှင်းလင်းတင်ပြကြပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရာပြည့်သဘင်အခမ်းအနားကြီး စနစ်တကျ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် လိုအပ်တာတွေ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရ ပါတယ်။

အဲဒီနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မြို့နယ်ရှိ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပြည်လမ်း ပရိဝုဏ်အတွင်းမှာ ရှေးအရင်ကတည်းက တည်ရှိခဲ့တဲ့ လိပ်ခုံး ပုံအဆောက်အအုံကို မူလသမိုင်းဝင်မှတ်တမ်းတွေနဲ့ ပုံစံမပျက်စေဘဲ ခေတ်မီဆန်းသစ်တဲ့အသွင်နဲ့ အသံထိန်း စနစ်တွေကို စနစ်တကျထည့်သွင်း တည်ဆောက်ထားမှုတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။လိပ်ခုံးပုံအဆောက်အအုံ ပြန်လည်ဆောက်လုပ်မှုကို ၂၀၂၆ခုနှစ်၊ ဇွန်လမှာ စတင်ဆောင်ရွက်ခဲ့ပြီး လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှာ အပြီးသတ်နိုင်ဖို့ လျာထားဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ