အမေရိကန် • 1 min read
သတင်း

အမေရိကန်တွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများ ဆက်ဖြစ်နေ

Zin Thaw

Nov 16, 2026

အမေရိကန်တွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများ ဆက်ဖြစ်နေ
0 Shares
1 Views

 

အမေရိကန်နိုင်ငံတစ်ဝန်း လေယာဉ်ပျံသန်းမှုတွေကို ယာယီရပ်ဆိုင်းခဲ့ရတဲ့ နည်းပညာချို့ယွင်းမှု ဖြစ်ပွားပြီးနောက် နှစ်ရက်ကြာတဲ့အထိ လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်း၊ နှောင့်နှေးမှုတွေ ဆက်လက်ဖြစ်ပွားနေ တယ်လို့ Reuters  သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန် လေကြောင်းထိန်းချုပ်ရေးစနစ်ဟာ ပြန်လည်ပုံမှန်လည်ပတ်နိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး တနင်္လာနေ့ မတိုင်ခင် ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ မလွယ်ကူသေးဘူးလို့ ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒါဖီက ပြောပါတယ်။
“လေယာဉ်တွေနဲ့ လေယာဉ်အမှုထမ်းတွေဟာ မူလရှိသင့်တဲ့ နေရာတွေမှာ မရှိတော့ပါဘူး။ အားလုံးကို နေရာပြန် ချထားပြီး ပုံမှန်လည်ပတ်နိုင်ဖို့ အချိန်နည်းနည်းတော့ လိုပါတယ်”လို့ အမေရိကန် CBS သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒါဖီက ပြောကြားခဲ့ပါတယ်။

FlightAware ရဲ့ အချက်အလက်တွေအရ တနင်္ဂနွေနေ့တစ်ရက်တည်းမှာပဲ အမေရိကန်လေယာဉ်ခရီးစဉ် ၈,၈၀၀ ကျော် နှောင့်နှေးခဲ့ပြီး ၂,၄၀၀ ခန့် ဖျက်သိမ်းခဲ့ရပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း လေကြောင်းထိန်းချုပ်ရေးစနစ်ကို ခေတ်မီအောင် ပြုပြင်မွမ်းမံနိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေ အမြန်ဆုံးအတည်ပြုပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တနင်္ဂနွေနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ သောကြာနေ့က အမေရိကန်နိုင်ငံမှာ ထွက်ခွာမယ့် လေယာဉ်အားလုံးနီးပါးကို ရပ်ဆိုင်းခဲ့ရတာကြောင့် နိုင်ငံ တစ်ဝန်းရှိ လေဆိပ်တွေမှာ ခရီးသည်တွေ အကြီးအကျယ် အခက်အခဲကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိမှာ စုံစမ်း စစ်ဆေးရေးအဖွဲ့တွေဟာ ပြဿနာရဲ့ မူလအကြောင်းရင်းနဲ့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို ဆက်လက် စုံစမ်းနေကြပါတယ်။

ဒါပေမဲ့ ပို့ဆောင်ရေးဝန်ကြီး ဒါဖီကတော့ လေယာဉ်မှူးတွေနဲ့ လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းတွေအကြား ဆက်သွယ်ပေးတဲ့ အရေးကြီးစနစ်တစ်ခု ချို့ယွင်းသွားတာကြောင့် လေယာဉ်ပျံသန်းမှုတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ တာ ဖြစ်တယ်လို့ ပြောပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ