၇ လအတွင်း ဆန်တန်ချိန်တစ်သန်းကျော် တင်ပို့ထား
Zin Thaw
Nov 16, 2026
အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ၇ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် တစ်သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၈၈ သန်း ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၁၃၄,၁၁၉ တန် တင်ပို့ခဲ့တာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄၉ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုဘဏ္ဍာနှစ် ၇ လတာအတွင်း ဆန်တင်ပို့မှု ပမာဏဟာ အရင် ဘဏ္ဍာနှစ် အလားတူ ကာလနဲ့နှိုင်းယှဉ်ရင် လျော့နည်းသွားတယ်လို့ သိရပါတယ်။ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရာမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ အများဆုံး တင်ပို့ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ ချက်၊ နယ်သာလန်၊ ဗြိတိန်၊ ပါပူအာနယူးဂီနီ၊ ခရိုအေးရှား စတဲ့ နိုင်ငံတွေကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
အခုဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၃ သန်းလောက် တင်ပို့ဖို့ လျာထားပေမယ့် လက်ရှိအချိန်အထိ တန်ချိန် ၁ ဒသမ ၁ သန်းကျော်သာ တင်ပို့နိုင်သေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် ၂၀၂၈ ခုနှစ်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ လောက်ရရှိဖို့ ရည်မှန်းချက်ထားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE